တန်ခိုးအာနိသင်ကြီးမားသော ပရိတ်၊ ပဋ္ဌာန်း၊ ဒေသနာတော်များကို ဘာသာလို နားလည်နိုင်စေရန် ရည်ရွယ်၍ ဤ Channel လေးကို တည်ထောင်ခဲ့ရခြင်းဖြစ်ပါသည်။ ကပ်ဘေးတွေကြောင့် လူတိုင်းထွက်ပေါက်မရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်နေရတဲ့အချိန်ဖြစ်ပါတယ်။ ဆရာတော်များ၏ ပြောကြားချက်အရ ဘုတ်ပြိတ္တာ ဘီလူးတွေက လူတွေကို စားသောက်နေတယ်၊ လူ့လောက အနိဋ္ဌာရုံဖြစ်အောင် ပူးကပ်လှုံ့ဆော်နေတာတွေ တွေ့ရသလိုမီးတွေအများကြီး လောင်မြိုက် နေကြတာတွေလည်း တွေ့နေရပါတယ်။ ဤအချိန်မှာ ဘုရား၊တရား၊သံဃာတို့၏ ဂုဏ်တော်များ ပရိတ်ပဋ္ဌာန်းများကို ရွတ်ဆို နာယူကြပါ။ သမထ၊ ဝိပဿနာ တရားများကို အချိန်ပေးပြီး ပွားများကြပါလို့ မေတ္တာဖြင့် နှိုးဆော်တိုက်တွန်းပါ၏။ ကျွန်တော်တို့ Channel မှ တင်ဆက်သမျှ Video အသစ်များကို လက်မလွတ်စေရန် Subscribe လုပ်ပြီး ခေါင်းလောင်းပုံ လေးကိုနှိပ်ထားပေးကြဖို့ မေတ္တာရပ်ခံပါရစေ။ မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား၊ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် မြတ်ဗုဒ္ဓ၏ တရားတော်များကို ရခဲလှသောလူ့ဘဝရခိုက် အားပါးတရ ရွတ်ဆို နာယူ ပွားများအားထုတ်နိုင်ကြ၍ ကပ်ဘေးကြီးမှမက သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်နိုင်သောအမြိုက်နိဗ္ဗာန်ကို ရလွယ် ရောက်လွယ်နိုင်ကြပါစေ။